Quantcast
Channel: Thiha Lu Lin
Viewing all articles
Browse latest Browse all 93

မာလာမွှေးအိုး စားချင်တယ်

$
0
0
အရသာအရမ်းရှိတဲ့ အသားစုံ၊ အရွက်စုံနဲ့ မာလာမွှေးအိုး

ကျွန်တော် ပြင်ဦးလွင် နဲ့ မန္တလေးရောက်တော့ ဟိုသွားဒီသွားမှာ မြင်မြင်နေရတဲ့ မာလာမွှေးအိုး... မာလာမွှေးအိုး ဆိုတာကို အရမ်းစိတ်ဝင်စားတာ။ နောက်တော့ အခွင့်ရတုန်း ပြင်ဦးလွင်မှာ နေ့လည်စာ လမ်းကြုံစားပလိုက်တယ်လေ။ မာလာမွှေးအိုး ဆိုတာ ဒါပေါ့... မိုဂိုဖိုင်း မာလာမွှေးအိုး ဆိုင်ဆိုပြီး လူသိကြပါတယ်။

မာလာမွှေးအိုးထဲမှာ သီးရွက်စုံနဲ့ အသားစုံပါတယ် (ပင်လယ်စာ၊ ကြက်၊ ဝက်၊ အမဲ၊ အသည်းအမြစ်)။ ပြီးတော့ မာလာဟင်းလို အရသာပါပြီး နည်းနည်း ပိုထူးကဲတဲ့ အရသာလေး ပေါင်းစပ်ပါဝင်နေတယ်။ အရသာ နည်းနည်းပြင်းတယ် ပြောရမလားဘဲ။
တကယ်ဟုတ် မဟုတ်တော့ မသိပါဘူး။ သူငယ်ချင်းတစ်ယောက် ပြောတာကတော့ သူ့ကို ချက်တဲ့ဆီက အထူးလျှို့ဝှက်ထားတဲ့ မိရိုးဖလာ ဖော်စပ်နည်းနဲ့ ချက်ထားတာမို့ ဒီအရသာမျိုး တခြားက လိုက်မလုပ်နိုင်သေးဘူးဆိုပဲ။ သိတဲ့သူရှိရင်လည်း ပြောပြပါဦး။

ပြင်ဦးလွင် (မေမြို့) နဲ့ မန္တလေးမြို့တွေမှာ မိုဂိုဖိုင်း မာလာမွှေးအိုးဆိုင်ရှိတယ်လို့ ပြောတယ်။ သူက ၃ ယောက်လောက်စားရင် အတော်ပဲ။ တစ်ပွဲကို ၈ ထောင်ကျပ် ပေးရပါတယ်။ တော်တော်ကို ဝဝလင်လင် စားရပါတယ်။ ထမင်းနဲ့သာ တွဲစားမယ်ဆိုရင် မိသားစု ၅ ယောက်စာလောက် ရှိမလားဘဲ။

အရမ်းစားလို့ကောင်းတယ်လို့ ကျွန်တော်ကတော့ အပြည့်အဝ ထောက်ခံပါတယ်။ နောက်တစ်ခါ အခွင့်ကြုံရင်လည်း ပြင်ဦးလွင် ဒါမှမဟုတ် မန္တလေးမြို့က မိုဂိုဖိုင်း မာလာမွှေးအိုးဆိုင်လေးကို သွားပြီး စားချင်ပါသေးတယ်။

သီဟလုလင်
၂၄ နိုဝင်ဘာလ ၂၀၁၅
Foodaholic - Myanmar အတွက် ရေးခဲ့သည်။

Viewing all articles
Browse latest Browse all 93

Trending Articles