
ဒီ “ဆာဗူးသီး” လို့ခေါ်ကြတဲ့ အစားအစာကို ချင်းတိုင်းရင်းသားတွေရဲ့ သရေစာ အစားအသောက်တစ်မျိုးအဖြစ် စားသုံးကြတယ်လို့ ပြောကြပေမယ့် အိမ်မှာတော့ အဘွားတို့က ထမင်းနဲ့လည်း စားလေ့ရှိပါတယ်။ “ဆာ” ဆိုတာ ချင်းစကားအရ အသား လို့ ဆိုလိုတာပါ။ “ဗူးသီး” ကတော့ ပြောင်းဖူးပြုတ်ရည်ပေါ့။ ဒီ ဆာဗူးသီး လေးများ စားပြီးရင် တစ်ပန်းကန်စားရုံနဲ့ တစ်နေ့လုံးအလုပ်လုပ်နိုင်စွ
ဆာဗူးသီး လုပ်စားမယ်ဆိုရင် လိုအပ်တာက ပြောင်းဖူးစေ့ တစ်ပြည်နဲ့ ပဲရင်း နို့ဆီဗူး နှစ်ဗူး လိုပါမယ်။ ဒီနှစ်မျိုးကို ရေနဲ့ ရောပြုတ်ပြီး စားခါနီးလောက်မှာ အဲဒီ ပြောင်းဖူးပြုတ်ရည်ပျစ်ပျစ်
ဘယ်လိုပဲပြောပြော ဒီလို အစားအသောက်မျိုးကို ချင်းပြည်နယ်ဘက် သွားရင် လွယ်လွယ်စားရဖို့တော့ အရမ်း မမျှော်လင့်ပါနဲ့တော့။ ရိုးရာအစားအစာတွေကို ဆိုင်ဖွင့်ရောင်းချတာ ချင်းပြည်နယ်ဘက်မှာ သိပ်မရှိတော့ဘူးလို့ ကြားပါတယ်။ ရိုးရာအစားအစာတွေကို အိမ်မှာပဲ ပွဲတော်ရက်မျိုး၊ ဒါမှမဟုတ် စားချင်စိတ်လေးပေါ်လာမှ လုပ်စားလေ့ရှိတော့တာမို့ သွားရင်းလာရင်း ကြုံခဲ့ရင်တော့ ကံထူးတယ်လို့ ဆိုနိုင်လောက်ပါတယ်။ ရောင်းတဲ့ ဆိုင်တွေ ကြုံခဲ့ရင်လည်း လွယ်လင့်တကူ ငွေကျပ် ၄၀၀ နဲ့ ဝယ်စားနိုင်တယ်လို့ စာရေးဆရာ မန်းသိကြား ရေးတဲ့ ဆောင်းပါးမှာ ဖတ်ဖူးပါတယ်။
ကျွန်တော်လည်း ကြုံရင်တော့ သူငယ်ချင်းတွေကို ကျွန်တော်တို့ ချင်းရိုးရာ အစားအစာလေးနဲ့ ခေါင်ရည်လေး ဧည့်ခံချင်ပါသေးတယ်။ တောင်ဇလပ်တွေပွင့်တဲ့ ဖုန်ထူလမ်းလေးကို အလည်ရောက်ခဲ့ရင်ပေါ့ဗျာ။
သီဟလုလင်
၂၁ ဧပြီ ၂၀၁၃