Quantcast
Channel: Thiha Lu Lin
Viewing all articles
Browse latest Browse all 93

ကျန်ရစ်သူအတွက် သက်ပြင်း

$
0
0

ငါဟာ...
သူ့ခြေရာလေးတွေကို ကြည့်ရင်း
တိတ်တိတ်ကလေး ကျန်ရစ်နေခဲ့တယ်။

သူဟာ...
ငါ့ miss call လေးတွေကို ကြည့်ရင်း
တိုးတိုးကလေး သက်ပြင်းချနေလိမ့်မယ်။

ငါရော သူဟာ...
အိပ်မက်တစ်ခုကို အတူမက်ဖို့ ကြောက်ရွံ့နေခဲ့တာ...
ဒါမှမဟုတ်
ဒီလမ်းကိုပဲ ရွေးချယ်သင့်ခဲ့တာပါ။

အဆုံးတော့
ငါလည်း ကျန်ရစ်နေတယ်။
သူလည်း သက်ပြင်းချနေပါလိမ့်ဦးမယ်။


သီဟလုလင်
၂၀ အောက်တိုဘာလ ၂၀၁၅
၉း၄၀ ည

Viewing all articles
Browse latest Browse all 93

Trending Articles